Hello! Cherry ပါရှင်~
စိတ်ကူးလေးပေါက်လာလို့ ကျောင်းတွေပိတ်တုန်း ခရီးသွားဖူးတဲ့အကြောင်းလေးတွေ ရေးဖို့စိတ်ကူးမိတယ်ပေါ့နော်။ နိုင်ငံခြားမှာ တစ်ယောက်တည်းရပ်တည်ပြီးနောက်ပိုင်း ကျောင်းစာ၊ အလုပ်၊ လူမှုရေး အဘက်ဘက်ကရတဲ့ စိတ်ဖိစီးမှုတွေကြောင့် တစ်ခါတစ်လေ စိတ်ပြေလက်ပျောက် ကမ်းခြေလေးသွားတာရယ်၊ Cherry က ပင်လယ်စာအရမ်းကြိုက်တော့ ကမ်းခြေက ပင်လယ်စာ လတ်လတ်ဆတ်ဆတ်လေး စားရတာက ခဏတာ စိတ်အပန်းဖြေမှုမှာတော့ ဒါဟာ enjoying life ပါပဲရှင်❤️
ကမ်းခြေနဲ့ trekking ဆိုရင် ကမ်းခြေကြိုက်သူမို့ ခရီးကိုလည်း ငယ်ငယ်လေးကတည်းက ပြည်တွင်း/ပြည်ပ ကမ်းခြေတွေပဲ ရွေးသွားဖြစ်ပါတယ်။ ကိုယ့်ပိုက်ဆံကိုယ် ရှာလာရတော့ ပြည်ပဆိုတာထက် ခဏတဖြုတ်ဆို ပြည်တွင်းကိုသွားလိုက်တာ အခုဆို အကျင့်ဖြစ်နေပြီပေါ့နော်။ ဒါပေမယ့် Busan နဲ့ Jeju-do ကို အခုထိမရောက်ဖူးသေးပါဘူးရှင်။ ပြည်တွင်းဆိုရင် ခရီးကလည်းထွက်ချင် ငွေလည်းများများမရှိတဲ့အချိန်မှထွက်တာဆိုတော့ Gangwon-do ဘက်ကိုပဲ ခဏခဏသွားဖြစ်တယ်။
Gangwon-do ဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပင်လယ်ကမ်းစပ်ဒေသလေးပါ။ နာမည်အကြီးဆုံးကတော့ Sokcho, Yangyang, Gangneung ပေါ့နော်။ Sokcho, Yangyang ကိုတော့ Seoul ကနေ ကားလက်မှတ်ဖြတ်ပြီး စီးသွားရင် ကားမပိတ်ရင် ၂နာရီခွဲလောက်ပဲကြာပါတယ်။ Yangyang သွားတဲ့ တစ်ခေါက်တုန်းကတော့ နွေရာသီ peak season ဖြစ်နေလို့ ဒီလမ်းလေးကို ၆နာရီ စီးလိုက်ရပါတယ်???? ကားခကတော့ one-way ကို ရိုးရိုးတန်း ၁၇၀၀၀ ဝမ် ကနေစလို့ အထူးတန်း ၂၅၀၀၀ ဝမ် တန်အထိ အမျိုးမျိုးရှိပါတယ်။ Gangneung ကတော့ KTX ရှိတော့ အဆင်ပြေတယ်ပေါ့နော်။ ရထားခကလည်း one-way ကို ၂၅၀၀၀ ဝမ် ဝန်းကျင်သာ ကျသင့်ပါတယ်။
Sokcho ကတော့ တံငါရွာလေးဖြစ်ပြီး Yangyang နဲ့ မိနစ် ၂၀ လောက်သာဝေးလို့ ကူးသွားကူးလာလုပ်ရလည်း မခက်ပါဘူး။ Mount Seorak (설악산) ရှိတဲ့ Sokcho ဟာဆိုရင် နွေရာသီမှာ နေရာလုမးအောင် လူထူထပ်ပြီး ကမ်းခြေလည်းကောင်း၊ ဆောင်းဦးရာသီမှာတော့ အဝါရောင်M သစ်ရွက်လေးတွေ ထွက်တဲ့ချိန်ဆို အားလုံးက Mount Seorak ကိုသွားပြီး ဓာတ်ပုံရိုက်ကြ၊ လည်ကြလုပ်သေးတယ်။ ပြီးတော့ မြို့ထဲမှာ ဈေးတန်းအကြီးကြီးလည်းရှိပြီးတော့ ဆန်အရက်နဲ့လုပ်ထားတဲ့ ပေါင်မုန့် (술빵) ဟာ ရောက်သွားရင် မဖြစ်မနေစားရမယ့်အရာပါ။
Yangyang ကတော့ လူငယ်ဆန်ဆန် cafe တွေနဲ့ pool party/ bar တွေအရမ်းပေါလို့ ဆိုးလ်ကလူငယ်အတော်များများ နွေရာသီဆို Yangyang မှာသွားပြီး အပန်းဖြေကြပါတယ်။ Yangyang ဟာ surfing spot ကောင်းကောင်းလည်းရှိလို့ လက်လွှတ်မခံသင့်တဲ့ထဲလည်း ပါပါတယ်။
Gangneung ကတော့ ကော်ဖီဆိုင်တစ်ဆိုင် အရမ်းနာမည်ကြီးတယ်ပြောပေမယ့် မဝင်ခဲ့ရဘူး။ သူ့ဘက်မှာလည်း cafe အရမ်းများပါတယ်။
Cherry ကတော့ ကိုရီးယားမှာနေလာတဲ့ ၃နှစ်အတွင်း Gangwon-do ကိုရောက်တာ ၄ခေါက်ရှိပါပြီ။ Sokcho ၂ခေါက်၊ Yangyang တစ်ခေါက်၊ Gangneung တစ်ခေါက်ပါ။ အမြဲတမ်း ကျောင်းဖွင့်ခါနီးမှ ကပ်သွားလို့ ၂ညအိပ် ၃ရက်နဲ့ပဲ ပြန်လာခဲ့ရတာ များပါတယ်။ ပထမအခေါက် Sokcho သွားတုန်းကတော့ မိုးအရမ်းသည်းလို့ ရေမဆော့ခဲ့ရပေမယ့် လတ်လတ်ဆတ်ဆတ်ပင်လယ်စာစားပြီး ပြန်လာခဲ့ပါတယ်။ နောက်တစ်ခေါက် Yangyang သွားတာကတော့ peak season ဖြစ်ပြီး လူအရမ်းထူ၊ နေအရမ်းပူနဲ့ Sokcho beach မှာနေရာမရလို့ Yangyang surfing spot မှာပဲ နေရာယူပြီး ရေဆော့ခဲ့ပါသေးတယ်။ နောက်တစ်ခေါက်ကတော့ Sogang မှာ ပထမနှစ် စတက်ခါနီးမှာ Gangneung သွားခဲ့တာပါပဲ။ တိုက်ဆိုင်ချင်တော့ သူငယ်ချင်းတွေပါ ရောက်နေကြတာနဲ့ မိုးနည်းနည်းအုံ့ လှိုင်းတအားကြမ်းတာတောင် ရေထွက်ဆော့ခဲ့ကြပါသေးတယ်။ နောက်ဆုံးတစ်ခေါက်ကတော့ ပြီးခဲ့တဲ့နှစ် Christmas တုန်းက Sokcho ကို Caravan camping ထွက်ခဲ့ကြတာပါ။ အရင်ခရီးတွေနဲ့ မတူသလို ဆောင်းရာသီမို့ ရေလည်းမဆော့ရပါဘူး။ ရောက်ရောက်ချင်း ဈေးတန်းသွား ငါးတန်းမှာဈေးဝယ်၊ မုန့်ဝယ်နဲ့ ပြန်ရောက်တော့ ရေခဲမှတ်မှာ အကင်ထုတ်ကင်ပြီး ပင်လယ်စာခေါက်ဆွဲ ပူပူနွေးနွေးနဲ့ ရှယ်စားကြ၊ ကားလေးထဲမှာအိပ်ပြီး နောက်နေ့ ဓာတ်ပုံရိုက် ဆိုးလ်ပြန်လာခဲ့ကြတာပေါ့။
အစားအသောက်ပိုင်းလေး ညွှန်းပေးပါမယ်။ Sokcho နားမှာ port တစ်ခုရှိတယ်ကွယ် နယ်ဘက်က taxi လည်း ဈေးသက်သာတော့ ၄၀၀၀~၅၀၀၀ လောက်ပဲကျတယ် အဲ့ကိုသွားတာ။ အကုန် ဈေးတန်းထဲမှာ ကိုယ်ကြိုက်တဲ့အကောင်ရွေးပြီး သူတို့ပြင်ပေးတာလေးကို ထိုင်စားရတာ။ ပင်လယ်နားရောက်လာမှတော့ ပင်လယ်စာအရသာဆိုတာ ဘယ်ပြောကောင်းပါ့မလဲ ချိုအီနေတာရှင် တခြား ဘယ်ပင်လယ်စာမှ အရသာမတိုးတော့တဲ့ထိပဲ။ သွားတိုင်း 모듬회 (ငါးအသားလွှာ အစုံ) နဲ့ wasabi လေးမွှန်နေတုန်း ဆိုဂျူတစ်ခွက် မော့ချလိုက်ရင် heaven ပဲ။ နောက်တစ်ခုကတော့ 양념개장 ပေါ့နော်။ အကင်သွားစားရင်တောင် side dish အနေနဲ့ပေးတာ။ ပင်လယ်ဘက်ဆိုတော့ လတ်ဆတ်တာမှ ဂဏန်းအစိမ်းကလည်း ချိုအီနေတာ။ တကယ်အခုထိစွဲလမ်းသွားတုန်း။ နောက်တစ်ခုကတော့ 조개 (ယပ်တောင်ဂုံး)လေးတွေပါ။ လတ်လတ်ဆတ်ဆန် ရလာတယ် ဆိုတဲ့အတိုင်း ကင်လိုက်ရင် ချိုအီဆိမ့်မွှေးနေတာပါ။ ပြီးတော့ 술빵 ကိုတော့ Gangwon-do သွားရင်သေချာပေါက်စားခဲ့ရပါမယ်။ Caravan camping/ Glamping ကိုလည်း ကမ်းခြေမှာထွက်ကြည့်ပါ။ ဈေးသွား အသားတွေဈေးတန်တန်နဲ့ စိတ်ကြိုက်ဝယ် ကင်စား၊ ခေါက်ဆွဲထဲကို ပင်လယ်စာတွေထည့်ပြီး ခဲနေတဲ့ရာသီဥတုမှာ ပူပူနွေးနွေးလေးစားရတာမျိုးပါ။ ပင်လယ်ကြီးကိုကြည့်ပြီး အကင်ကင်စား၊ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်စား၊ သောက်၊ မီးပန်ထဲးဖောက်၊ ကားလေးထဲဝင်အိပ်ရတဲ့ feeling လေးက ဘာနဲ့မှ မလဲနိုင်ဘူးကွယ်။
ဒီလို ‘enjoying life’ ဆိုတဲ့အရသာကို ခံစားရဖို့ ပိုက်ဆံအများကြီးမလိုပါဘူး။ ချွေတာချင်တဲ့ ကျောင်းသား ကျောင်းသူလေးတွေ ပင်ပန်းလာလို့ ခဏနားမယ် ခရီးထွက်မယ်ဆိုရင် ဒီလိုနေရာလေးတွေသွားပြီး အပေါ်မှာ Cherry ပေးတဲ့ tip တွေအတိုင်း သွားမယ်ဆိုရင် Korea ကိုလာပြီး ကျောင်းတက်ရတဲ့ ကျောင်းသားတစ်ဦးရဲ့ အားလပ်ရက် lifestyle လေးကိုလည်း အပြည့်အဝခံစားမိမှာပါ????
ဒီနေ့တော့ ဒီလောက်ပါပဲရှင်။
နောက်ဆုံးတစ်ခေါက် Sokcho Caravan camping တုန်းက recap video (reels): https://www.instagram.com/reel/DEEzgooySGE/?igsh=MjR5NTIydWJ5YjI1
My Instagram: ckwassup_
မေးစရာလေးရှိရင် ဒီ ApplyKorea app ကိုအသုံးပြုပြီး တိုက်ရိုက် လာရောက်မေးမြန်းလို့ ရပါတယ်ရှင်❤️