မင်္ဂလာပါရှင်။ Cherry ပါရှင့်~
ပြီးခဲ့တဲ့ post မှာ အိမ်ရှာနည်းလေးတွေ ပြောပြပြီးတဲ့နောက် ဒီ post မှာတော့ အခန်းလေးတွေအကြောင်း ဆက်ပြောပါမယ်။
ကိုရီးယားမှာ အခန်းငှါးရင် 원룸 (one room), 투룸 (two-room), 쉐어하우스 (shared house), 고시원 (goshiwon), 코리빙 (co-living), 오피스텔 (officetel), 홈스테이 (homestay), 아파트 (apartment), 빌라 (villa) စသဖြင့် ရှိပါတယ်။ ကျောင်းသားအများစု နေကြတာကတော့ တစ်ဦးတည်းဆို one room, goshiwon, officetel မှာနေကြပြီးတော့၊ စုနေရင်တော့ two room, shared house, homestay အနေများကြပါတယ်။
ဒီနေရာမှာ one room ကတော့ အရှည်ရှင်းပြနေစရာ မလိုလောက်ဘူးထင်ပါတယ်။ အိပ်ရာ၊ မီးဖိုချောင်၊ စာကြည့်စားပွဲ၊ ဗီရို တစ်ခန်းတည်းပါပြီး ရေချိုးခန်းပါတဲ့ studio room လို့ ခေါ်လို့လည်း ရပါတယ်။
Two room မှာကတော့ အများအားဖြင့် အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းတစ်ခန်းအပြင် ဧည့်ခန်းလည်း ပါတတ်ပါတယ်။
Shared house ကတော့ ကျောင်းသားတွေ တစ်ယောက်တစ်ခန်းစီ အခန်းခ ခွဲပေးပြီး စုနေကြတာမျိုးပါ။ App/ group တွေမှာ အလွယ်တကူ ရှာနိုင်ပါတယ်။
Goshiwon ကတော့ အရင်က ကိုရီးယားကျောင်းသားတွေ စာလုပ်ချိန် အာရုံစိုက်လို့ရအောင် ခဏလာနေပြီး စာလုပ်ဖို့ သီးသန့်လုပ်ထားတဲ့ အခန်းဖြစ်တာမို့ ဆယ်ပေပတ်လည်း အခန်းထဲမှာ အိပ်ရာတစ်လုံး၊ ရေချိုးခန်း အိမ်သာနဲ့ စာကြည့်စားပွဲ၊ ရေခဲသေတ္တာတစ်လုံးသာ ပါရှိပါတယ်။ အများသုံး မီးဖိုချောင်၊ အဝတ်လျှော်စက် ပေးထားလေ့ရှိပြီး အိမ်လခကလည်း one room ဈေးလောက်ရှိပေမယ့် စပေါ်ငွေကတော့ မရှိသလောက်နည်းပါတယ်။ အခုနောက်ပိုင်းမှာတော့ ချွေတာချင်တဲ့ကျောင်းသားတွေလည်း နေကြရင်း အလုပ်ဖြစ်လာတယ် ပြောရပါမယ်။
Co-living ကတော့ လူသိပ်မသိသေးပါဘူး။ သူဟာ apartment နဲ့ facility ခပ်ဆင်ဆင်ဖြစ်ပြီး apartment အသေးစားလို့ ဆိုရပါမယ်။ အခန်းတွင်း interior လှပြီး all-furnished ဖြစ်တဲ့အတွက် အသင့်တက်နေလို့ ရတဲ့ studio/officetel အမျိုးမျိုးရှိပြီး၊ common space အနေနဲ့ common workspace, gym, lounge, study room စသဖြင့် ရှိပါတယ်။ စပေါ်ငွေကတော့ ဝမ်သိန်း ၅၀ကစလို့ ရာဂဏန်းအထိ ရှိပါတယ်။
Officetel ကတော့ ကုမ္ပဏီ/ရုံးခန်း tower တွေကြားထဲက အခန်းလွတ်တွေကို ဖွဲ့စည်းထားတဲ့ အခန်းမျိုးပါ။ များသောအားဖြင့် ထပ်ခိုးလေးပါပြီးတော့ ပြတင်းပေါက်ကျယ်ပါတယ်။ အခန်းဖွဲ့စည်းပုံလှပါတယ်။ စပေါ်ငွေကလည်း တခြားအခန်းတွေထက် များပါတယ်။
Homestay ကတော့ အိမ်ရှင်နဲ့ တစ်အိမ်တည်းနေပြီး အခန်းခခွဲပေးရတာမျိုးပါ။ မိသားစုနဲ့ အိမ်မှာနေရတဲ့ ခံစားချက်မျိုးဖြစ်ပြီး အစားအသောက် ပြင်တာဆင်တာကိုလည်း အိမ်ရှင်က ချက်ကျွေးတာများပါတယ်။
Apartment ကတော့ တိုက်ခန်းပေါ့နော်။ သူက 전세 (နှစ်ချုပ်) များပါတယ်။ 월세 (လပေး) နဲ့ဆိုလည်း စပေါ်ငွေရော အိမ်လခရော မနည်းပါဘူး။ Two room နဲ့ခပ်ဆင်ဆင်လို့ ထင်ရပေမယ့် facility ကွာပါတယ်။ Interior, furnished, lighting, car parking, fitness, lounge, park ပါပြီးတော့ ကိုယ့် tower နဲ့ကိုယ်မို့ ကိုရီးယား medium-high class တွေ နေကြတာများပ့တယ်။ Foreigner ကျောင်းသားကတော့ မရှိသလောက်ပါပဲ။ ကိုရီးယား ကျောင်းသားတွေတောင် မိဘနဲ့အတူတူနေလို့ အဲ့မှာနေတာကြောင့်ပါ။ ဥပမာ Xi apartment, Lotte Castle, Hyundai apartment စသဖြင့်ရှိပါတယ်။
Villa ကတော့ လူချမ်းသာတွေလည်း နေကြသလို၊ ကျောင်းသားတွေလည်း တတ်နိုင်ရင် စုပြီးနေကြပါတယ် သို့ပေမယ့် ရှားပါတယ်။ ကိုရီးယားမှာက villa ထက် apartment ကဈေးပိုများလို့ပါ။ Facility အပြည့်နဲ့ security system ကြောင့်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် European vibe ကြိုက်တဲ့သူတွေကတော့ villa မှာ အေးဆေးနေရတာကို ကြိုက်မှာပါ။ Villa ကတော့ အလုံးလိုက်ရောင်းတာနဲ့ နှစ်ချုပ်များပေမယ့် နိုင်ငံခြားသားတွေအတွက် လပေးစနစ်လည်း ရှိတတ်ပါတယ်။
များသောအားဖြင့်ကတော့ ပုံမှန်တိုင်း အခန်းလွတ်ယူပြီး နေကြတာများပေမယ့် ပိုကောင်းတဲ့ tip လေးတစ်ခု ပြောပြချင်ပါတယ်ရှင်။ ပုံမှန်အခန်းတွေ အများစုဟာ real estate ကချိတ်ပေးတာဖြစ်ပြီး အိမ်အဟောင်းတွေများပါတယ်။ ဆိုလိုတာက furniture ဖွဲ့စည်းပုံ၊ နံရံ၊ ရေချိုးခန်း ကြွေပြား ပစ္စည်းကအစ design အထိ ဟောင်းတာမျိုးတွေကို စပေါ် ၅၀~၁၀၀ ပေးပြီး နေကြတာများပါတယ်။ အဆင်ပြေတဲ့သူရှိသလို အခန်းလှလှလေး ကြိုက်တဲ့သူတွေအတွက်ကတော့ စပေါ်ငွေ အသင့်အတင့်နဲ့ interior ကောင်းတဲ့ အခန်းလေးတွေ ရွေးစေချင်ပါတယ်။ အပေါ်မှာပြောထားတဲ့ အထဲက Co-living လိုမျိုးဆိုရင် ကျောင်းသားအနေနဲ့ တတ်နိုင်တဲ့ဈေးထဲကရပြီး interior design လည်းကောင်း၊ common workspace, lounge လည်းရှိတော့ socialize လုပ်တာပဲဖြစ်ဖြစ်၊ အလုပ် or စာကို lounge မှာအေးဆေးလုပ်လို့ရတဲ့ living standard တစ်ခုကို စဉ်းစားကြည့်စေချင်ပါတယ်။ ပြတင်းပေါက်ကြီးပြီး office window ပုံစံမျိုးဖြစ်တာကြောင့် နေရောင်ကောင်းကောင်းရပါတယ်။ All-furnished ဖြစ်တာမို့လို့ ကိုယ်က အသင့်တက်နေရုံဖြစ်နေတာကလည်း အားသာချက်တစ်ခုပါပဲ။ နောက်တစ်ခုကတော့ အခန်း lighting ကွာပါတယ်။ ပုံမှန် led မီး အဖြူတစ်ခုတည်းသုံးမယ့်အစား မီးကို modern light တွေဆင်ထားတတ်ပါတယ်။ အခန်းလွတ်ထဲမှာ ကိုယ်တတ်သလိုလေး ပိုက်ဆံအကုန်ခံ ပြင်ဆင်ပြီး စိတ်တိုင်းမကျတာထက် interior လှပြီး၊ lighting ရော window ရော ကောင်းကောင်းရတဲ့အခန်းမှာနေရတဲ့ living standard က အများကြီးကွာပါတယ်။ သပ်ရပ်တဲ့ အခန်းမှာနေပြီး ကျောင်းသွား ကျောင်းတက်လုပ်ရတာ၊ lounge မှာစာလုပ်ရတာ၊ နေရောင်ကောင်းကောင်းရတဲ့ အခန်းမှာနေရတာ အရမ်းစိတ်ကြည်ပါတယ်။ အဲ့လိုအခန်းမျိုးလေး စိတ်ဝင်စားရင် ရွေးကြည့်ဖို့ အကြံပေးချင်ပါတယ်ရှင်။ Co-living အခန်းတွေကိုတော့ 고방 app ထဲက 코리빙 ဆိုတဲ့ icon ကိုနှိပ်ပြီး အိမ်ရာ နာမည်အလိုက် စိတ်ကြိုက်ရှာလို့ ရပါတယ်နော်။ App ထဲမှာမရှိတဲ့ housing name ထဲက သိသလောက်ပြောရရင်တော့ Cèlib stay နဲ့ Local Stitch ပါ။ Google မှာရှာလိုက်ရင် website သီးသန့်ရှိပါတယ်။
နောက်တစ်ခုကတော့ နေရာအလိုက် အိမ်ဈေးနဲ့ အခန်းပုံစံ၊ အခန်းဈေးတွေ ပြောပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။ များသောအားဖြင့် Seoul ထဲမှာ ကျောင်းတက်တဲ့သူတွေကတော့ ကျောင်းအဆောင် (သို့) ကျောင်းနဲ့နီးတာပဲ နေကြတာများပါတယ်။ ကျောင်းနဲ့နီးတဲ့ အခန်းတွေဟာ ပုံမှန်ထက်ဈေးများပြီး အခန်းဟောင်းတွေများပေမယ့် ကျောင်းနဲ့နီးတာကို သဘောကျတဲ့သူတွေအတွက်ကတော့ အဆင်ပြေမှာပါရှင်။
Sejong University, Konkuk University နားမှာရှိတဲ့ Gunja-dong, Hwayang-dong, Jangan-dong မှာဆိုရင် ရိုးရိုးအခန်းဟောင်းကို စပေါ်ငွေ အနည်းဆုံး သိန်း၅၀ နဲ့အထက်က စပါတယ်။
နောက်ပြီးတော့ Hongik University, Sogang University, Yonsei University, Ewha Womans University အနားတစ်ဝိုက်မှာလည်း စပေါ်ငွေ သိန်း၅၀ ဝန်းကျင်ကစတဲ့ အိမ်အဟောင်းတွေရှိသလို၊ shared house, goshiwon, co-living တွေလည်းရှိကြပါတယ်။
Janghanpyeong station နားတစ်ဝိုက်မှာတော့ Officetel အသစ်တွေဆောက်ပေမယ့် ဈေးကတော့ သိန်းထောင်ဂဏန်း စပေါ်ငွေပေးရပါတယ်။
Itaewon-dong တစ်ဝိုက်မှာတော့ အရင်က အခန်းဟောင်းတွေ များခဲ့ပေမယ့် အခုတော့ shared house တွေများပြီး Hannam-dong နဲ့နီးတဲ့အတွက်ရော၊ မြို့လယ်ခေါင် ဖြစ်နေတဲ့အတွက်ရော အခန်းမလှပေမယ့် နေရာကောင်း ဈေးများပါတယ်။
Gangnam ဘက်မှာကတော့ Seocho-gu, Yeoksam-dong, Seolleung station ဘက်တွေမှာ high class, middle class အခန်းများသလောက် ဈေးလည်းများပါတယ်။ သို့ပေမယ့် Gangnam ဘက်က အထူးသဖြင့် Apgujeong-dong ဘက်မှာရှိတဲ့ Goshiwon တွေကတော့ လှပြီး ဈေးသက်သာပါတယ်။
နောက်တစ်ခုကတော့ Seoul National University station, Bongcheon station, Sillim station, Seoul National University Venture Town station နားတစ်ဝိုက်က အိမ်တွေဟာ ဈေးအရမ်းသက်သာပါတယ်။ အခန်းသစ်ဆိုပေမယ့် ဒီဇိုင်းတော့ အရမ်းမသစ်ပါဘူး။ သို့ပေမယ့် နေပျော်ပါတယ်။ စပေါ်ငွေကလည်း အိမ်လခနဲ့ တူတာရှိသလို၊ ဝမ်၁၀သိန်းလောက်က စကြပါတယ်။
နောက်တစ်ခုကတော့ Hwagok-dong, Sindorim, Kkachisan ဘက်က အိမ်တွေကတော့ one room ထက် two room များပါတယ်။ Two room အများစုကလည်း interior lighting ကအစ modern light နဲ့လုပ်ထားပြီး အခန်းလည်းကျယ်ပြီးတော့ co-living နဲ့မတူတာကတော့ ကိုယ့်တိုက်ခန်းလို အိပ်ခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်နဲ့ကိုမှ လှလှလေးနေရတာပါပဲ။ စပေါ်ငွေနဲ့ အိမ်လခ တူတာများပြီးတော့၊ မဟုတ်ရင်လည်း စပေါ်ငွေ ဝမ်၁၀သိန်းအထက်က စပါတယ်။ အိမ်လခကတော့ two room ဆိုတဲ့အတိုင်း ဝမ် ၈သိန်းလောက်က စပါတယ်။ Cherry သာ တစ်ယောက်တည်း အဲ့လောက်အိမ်လခပေးနိုင်ရင် နေမိမှာပါ။ အဲ့လောက်ကျများလို့ co-living ကိုပိုစိတ်ဝင်စားနေတာပါ။
Nowon-gu ဘက်မှာလည်း အိမ်စပေါ်ငွေ သိန်း၃၀ လောက်ကစတဲ့ one room တွေများပေမယ့် အိမ်အသစ်လည်းရှိသလို အိမ်အဟောင်းလည်းရှိပါတယ်။ Dongdaemun-gu ဘက်မှာလည်း အတူတူပါပဲ။
ဆိုးလ်ကနေ နည်းနည်းဝေးတဲ့ Incheon ဘက်မှာကတော့ two room များပေမယ့် အိမ်ကတော့ အဟောင်း၊ အသစ် ရောနေတတ်ပါတယ်။ ဈေးကတော့ စပေါ်ငွေ ဝမ်သိန်း ၃၀ လောက်က စတာလည်း ရှိပါတယ်။
ဒါကတော့ ကျောင်းသားအများစု နေလေ့ရှိတဲ့ common အဖြစ်ဆုံး region တွေကို တစ်စုတစ်စည်းတည်း ဖော်ပြပေးထားတာ ဖြစ်ပါတယ်ရှင်။ Cheongdam-dong, Hannam-dong, Samseong-dong, Gangbuk-gu ဘက်က အိမ်တွေလည်းရှိပေမယ့် ကျောင်းသားတွေအတွက် အလွန့်အလွန် ဈေးများပြီး ကုမ္ပဏီဝန်ထမ်း၊ လုပ်ငန်းရှင်တွေ၊ celebrity တွေပဲနေတဲ့ နေရာတွေမို့ မနေကြတာများလို့ ချန်လှပ်ခဲ့တာပါရှင်။
Korea lifestyle နဲ့ပတ်သက်ပြီး သိချင်တာရှိရင်တော့
Instagram: @ckwassup_
Facebook: Cherry Kyaw ကို follow လုပ်ထားခဲ့ပေးလို့ ရပါတယ်ရှင်။
ကျောင်းလျှောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သိချင်တာရှိရင်တော့ ဒီ app ကနေပဲ Cherry ဆီ တိုက်ရိုက်လာမေးလို့ ရပါတယ်ရှင်။
Bye!