အားလုံးပဲ မင်္ဂလာပါရှင်။ Cherry ဖြစ်ပါတယ်~
ဒီနေ့မှာတော့ camping ရဲ့အရသာလေးတစ်ခုကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဘာလဲဆိုတော့ van ကားလေးနဲ့နေရတဲ့ camping ပါ။ Caravan camping လို့လည်းခေါ်တယ်ပေါ့နော်။ သူကတော့ camping van လေးထဲမှာ အိပ်ရာ၊ မီးဖိုချောင်၊ ရေချိုးခန်း အိမ်သာ အကုန်ပါပြီး ကားအပြင်ဘက်မှာ စားပွဲတွေ ခုံတွေနဲ့ အသားကင်စားရတဲ့ camping ပုံစံမျိုးပါ။ အရမ်းမအေးတဲ့ spring, fall season မှာ အသွားများကြတယ်ဆိုပေမယ့် summer နဲ့ winter မှာလည်း အရမ်းသွားကြပါတယ်။
Cherry တို့ကတော့ Christmas day မှာသွားခဲ့တာပါ။ အေးချက်ကတော့ တုန်နေတာပေါ့နော်။ အဲ့အတွက် မသွားခင်ကတည်းက သုံးယောက်လုံးစုပြီး လိုအပ်တာတွေသွားဝယ်၊ သေချာပြင်ဆင်ပြီးမှ ထွက်ခဲ့ပါတယ်။ ဆောင်းတွင်းသွားချင်တဲ့ သူလေးတွေရှိရင် အဆင်ပြေအောင်လို့ Cherry တို့ပြင်ဆင်သွားခဲ့တာလေးတွေ ပြောပါပေးပါမယ်နော်။ Daiso မှာရောင်းတဲ့ ဆောင်းတွင်းခြေအိတ်အထူ၊ လက်အိတ်၊ heat-tech အသားကပ်အင်္ကျီ+ဘောင်းဘီ၊ sponge mask၊ ခေါင်းစွပ်၊ hoodie နဲ့ ဘောင်းဘီအပွ၊ padding၊ ဆောင်းတွင်းစီးဖိနပ်၊ hot pack အထုပ်၊ သွားတိုက်ဆေး+သွားတိုက်တံ၊ မျက်နှာသစ်+ရေချိုးဆပ်ပြာ၊ ဖုန်းအားသွင်းကြိုး၊ ကိုယ်သောက်နေကျဆေးတွေ တစ်ယောက်တစ်ခုစီ အကုန်သယ်လာဖို့ မရှိတာတွေ ထွက်ဝယ်ကြတာပေါ့။ ပြီးတော့မှ သောက်ဖို့ပုလင်းတွေပါ ဝယ်ကြတာ။ အရမ်းအေးတော့ vodka တစ်ပုလင်း၊ whiskey တစ်ပုလင်း ယူခဲ့ကြတာပေါ့နော် အချမ်းပြေ အပျင်းပြေအောင်လို့။
နေရာရှာတာကတော့ Cherry တို့က ကမ်းစပ်ကိုကြိုက်တဲ့အတွက် တစ်နေရာချင်း လိုက်ရှာဖတ်မနေတော့ပဲ Naver Map မှာ 카라반 လို့ရှာပြီး ကမ်းစပ်နဲ့အနီးဆုံးတွေထဲက ကိုယ့် budget နဲ့ကိုက်မယ့်နေရာကို agoda မှာပြန်ရှာပြီး booking တင်ခဲ့ပါတယ်။ နေရာက Sokcho မှာရှိတဲ့အတွက် Express Bus Terminal station ကနေပဲ အမြန်ကားစီးပြီး သွားခဲ့ပါတယ်။ လမ်းက ၂နာရီခွဲပဲ ကြာပေမယ့် peak season တွေမှာတော့ ကားပိတ်လွန်းလို့ ၆နာရီလောက်ထိ ကြာတတ်ပါတယ်။
ဒီလိုနဲ့ Sokcho ရောက်တော့ ညကျကင်စားဖို့ အသားတွေဘာတွေဝယ်ပြီး ရောက်သွားခဲ့ပါတယ်။ ရောက်တော့ အထုပ်တွေချပြီး reels ရိုက်လိုက်၊ ခဏနားပြီးတော့ အကင်မီးဖိုစလုပ်ပြီး အသားတွေပြင်၊ ခေါက်ဆွဲပြုတ်ပြီး ပင်လယ်စာတွေထည့်တာပေါ့နော်။ ပင်လယ်လာရင် လန်လတ်ဆတ်ဆတ် ပင်လယ်စာတော့ မဖြစ်မနေစားရမှာပေါ့။ အငွေ့ထွက်အောင် အရမ်းအေးပေမယ့် မီးဖိုကအပူနဲ့ သောက်စရာလေးနဲ့ ခေါက်ဆွဲပြုတ်ပူပူလေးစားပြီး နွေးတေးတေးလေးနဲ့ ပင်လယ်ကြီးကိုငေးကြည့်ရင်း အကင်လေးမြည်းလိုက်၊ whiskey လေး one sip သောက်လိုက်နဲ့ တကယ့်ကို paradise ပါပဲ။ သီချင်းလေးဖွင့်ထားပြီး ထိုင်ညည်းသေးတာ။ အားလုံးက မြို့ပြပေါ်မှာ အလုပ်တွေ၊ ကျောင်းတွေ၊ လူမှုအသိုင်းအဝိုင်းတွေကရတဲ့ စိတ်ဖိစီးမှုတွေနဲ့ ကြောင့်ကြစရာတွေက်ု ခဏနားထားပြီး စိတ်လွတ်ကိုယ်လွတ်ပျော်လိုက်ရတော့ တကယ်တန်ပါတယ်။ မြို့ပြပေါ်မှာ မွန်းကြပ်လာပြီဆိုရင် ဒီလိုလေး သွားကြည့်ဖို့ အကြံပြုချင်ပါတယ်ရှင်~
ဒီလို ‘enjoying life’ ဆိုတဲ့ အရသာကို အတိုင်းထက်အလွန် ခံစားပြီးနောက်မှာတော့ ကားလေးထဲဝင်ပြီး စောင်ခြုံပြီး နွေးနွေးလေးနဲ့ ကွေးလိုက်ရတာ ရှယ်ပါ။ (ကားတွေက heater ပေးတာမို့ အရမ်းအဆင်ပြေပါတယ်)
ဒီလို Christmas day မှာ quality time နံ့ quality people တွေနဲ့အတူရှိခဲ့ပြီး နောက်နေ့မနက်မှာတော့ ရေမိုးချိုး သေချာပြင်ဆင်ပြီး နေရောင်ကောင်းနေတုန်းလေး ဓာတ်ပုံးိုက်ပြီး ခရီးစဉ် အဆုံးသတ်ခဲ့ကြပါတယ်ရှင်။
ဘဝမှာ ခရီးပဲဖြစ်ဖြစ်၊ ဘယ်အရာပဲဖြစ်ဖြစ် လုပ်နေရင်းနဲ့ အဲ့ဒီအရသာကို တဝကြီးခံစားနိုင်မှ ခရီးသွားရတာတန်တာပါ။ သူများကောင်းတယ်ပြောလို့၊ ဓာတ်ပုံရိုက်ရင်လှလို့ သွားတာမဟုတ်ဘဲ ခရီးစဉ်တစ်ခုလုံးကို ခံစားကြည့်ရမှ ကိုယ့်အချိန်၊ ပိုက်ဆံတွေ ကုန်ရကကျိုးနပ်တာပေါ့ရှင်။
အောက်ကတော့ Cherry ရဲ့ caravan camping နဲ့ပတ်သက်ပြီး recap လုပ်ထားတဲ့ video link လေးပါရှင်~
https://www.instagram.com/reel/DEEzgooySGE/?igsh=MjR5NTIydWJ5YjI1
Korea lifestyle အကြောင်း သိချင်တာရှိရင်တော့
Instagram: @ckwassup_
Facebook: Cherry Kyaw
ဒီအကောင့်လေးတွေကို လာရောက် follow နိုင်ပါတယ်ရှင်~
ကျောင်းကိစ္စနဲ့ပတ်သက်ပြီး သိချင်တာတွေကိုတော့ ဒီ app ကနေတစ်ဆင့် consultation ရယူနိုင်ပါတယ်ရှင်။
Bye!